12:37 AM
0

မြောက်ကိုရီးယားမရှိရင် ကမ္ဘာကြီးလည်းမရှိစေရဘူးတဲ့ ကင်ဂျုံဟီးရဲ့ ထင်ရှားတဲ့ စကားတစ်ခွန်းပါ....
အခုတော့ ကင်ဂျုံဟီးမရှိတော့ပါဘူး ကမ္ဘာကြီးပဲ ကျန်ခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ သူရဲကောင်းတွေကို စိတ်ဝင်စားသလို အာဏာရှင်တွေကိုလည်း စိတ်ဝင်စားတယ်။ နောက်ပြီး ကမ္ဘာပေါ်မှာ အာဏာရှင်နဲ့ သူရဲကောင်း ဘယ်ဟာပိုများသလဲလို့လဲ စဉ်းစားမိသေးတယ်။ နောက်ပြီး အာဏာရှင်နဲ့ သူရဲကောင်းတို့ဟာလည်း ဆက်စပ်မှုရှိတယ်လို့ထင်တာပဲ။ မင်းသားနဲ့ ဗီလိန်လိုပေါ့။ ဒီစာအုပ်ကလည်း ကမ္ဘာကျော် အာဏာရှင်ကြီးရဲ့ ဘ၀အကြောင်းပါ။ ပထမအကြိမ် ထုတ်ဝေစဉ်က စာပေစိစစ်ရေရဲ့ လုပ်ပိုင်ခွင့်တွေကို ကျော်ပြီး မြောက်ကိုရီးယားသံရုံးက ပြန်သိမ်းခဲ့တဲ့ စာအုပ်ပါ။ ငါတို့စာပေမှ ရှေ့အပတ်ထဲ ဒုတိယအကြိမ်ပြန်ဖြန့်ပါတော့မယ်။ ဘေးမထိရန်မခဖို့ ဆုတောင်းမိပါတယ်။

0 comments:

Post a Comment